အိမ်မဲ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် မာဃလုလင် လူမှုကူညီရေးအသင်းမှ ကြီးမှူးကျင်းပသည့် စတုဒီသာနိဗ္ဗာန်စျေးနှင့်ကံစမ်းမဲအစီအစဥ်များကို ယမန်နေ့ (တန်ဆောင် မုန်းလပြည့်နေ့)ညနေ (၄)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
"ကျွန်တော်တို့လူမှုကူညီရေးအသင်းအနေနဲ့ ဦးဆောင်ကာ လယ်ပေါ်ရပ်ကွက် ၁၀ လမ်းမှ ၁၃ လမ်းအထိစတုဒီသာနိဗ္ဗာန်စျေးကို ဆောင်ရွက်နေတာဖြစ်ပြီးကံစမ်းမဲအနေနဲဗလာမပါကံစမ်းမဲ ကိုလည်းပြုလုပ်ပေးနေတာဖြစ်ပါတယ်။တစ်ချို့ဆိုလည်း အင်္ကျီ၊ ပုဆိုးတွေပေါက်ကြလို့ ဝမ်းသာပြီးပြန်သွားကြတယ်။ စတုဒီသာနိဗ္ဗာန်စျေးကို မဲ ၃၀၀၀ ကျော်နဲ့မနေ့ကတည်းကဝေ ထားတာဖြစ်ပြီး ဒီနေ့ညနေမှာ ကိုယ်ကျတဲ့မဲနံပါတ်တွေနဲ့ လိုက်ထုတ်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့နိဗ္ဗာန်စျေးမှာ အဓိကစားသောက်ကုန်ဖြစ်တဲ့ ဆန်လည်းပါပါတယ်။ အဲ့နံပါတ်တွေ ကိုတော့ ရပ်ကွက်ထဲကအဆင်မပြေတဲ့ သူတွေကို အဓိကထားပြီးဖြန့်ဝေပေး ထားပါတယ်။ ရခိုင်မုန့်တီကိုတော့ ကျွန်တော်တို့စုရပ်မှာ မည်သူမဆို လက်မှတ် မလိုပဲ လာရောက် သုံးဆောင်နိုင်ကြောင်း"မာဃလုလင်လူမှုရေးအသင်းထံမှ တာဝန်ရှိသူ တစ်ဦး ပြောကြားချက် အရသိရသည်။
အိမ်မဲမြို့နယ် လယ်ပေါ်ရပ်ကွက်ရှိ မာဃလုလင်လူမှုရေးအသင်းမှ စတုဒီသာနိဗ္ဗာန်စျေးနှင့် ကံစမ်းမဲအစီအစဥ်များကို ပထမအကြိမ်ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး လက်မှတ်ရရှိထားသူများက မိမိတို့ရရှိထားသည့်လက်မှတ်အလိုက် လိုက်လံထုတ်ယူ လျက်ရှိကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ)