မင်းဘူးမြို့နယ် ရှင်ပင်ချမ်းသာကြီး စေတီတော် မြတ်ကြီး၌ ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ပွဲသို့ လာရောက်ဖူးမြော် သူများဖြင့် စည်ကားလျက်ရှိ

မင်းဘူး   နိုဝင်ဘာ   ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို ချမ်းသာကြီး ကျောင်းဝင်းအတွင်း တည်ထားလျက်ရှိသော ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီး၊ အရံစေတီတော်များနှင့် စောင်းတန်းများအား တန်ဆောင်မုန်း လပြည့်နေ့ည ၆ နာရီအချိန်တွင် ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ခဲ့ကြောင်း ချမ်းသာကြီး ပရဟိတအဖွဲ့ထံမှ သိရသည်။

ထိုသို့ ဆီမီးများ ထွန်းညှိပူဇော်ရာတွင် ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီးနှင့် အရံစေတီများ၊ စောင်းတန်းများအပြင် အုတ်တံတိုင်းများပါ ထွန်းညှီပူဇော်ခဲ့ကြပြီး ဆီမီးပူဇော်ပွဲသို့ လာရောက်ဖူးမြော် ကြည်ညိုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆီမီးများပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့တာဖြစ်ပြီး ဝါဆိုလပြည့်၊ သတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်နှင့် ကဆုန်လပြည့်နေ့များတွင် အများပြည်သူများ၏ လှူဒါန်းငွေများကို ရပ်ကွက်နေ လူငယ်ကလေးများ၏ ကုသိုလ် လုပ်အားဖြင့် ထွန်းညှိပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း ချမ်းသာကြီး ပရဟိတ အဖွဲ့ခေါင်းဆောင် ဦးသက်ထွန်းက ပြောသည်။

ဇေယျာထက် (မင်းဘူး)