ကြာအင်းဆိပ်ကြီးမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူ များအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၉

ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားနေမှုအား လျော့နည်း ပပျောက်သွားစေရေးအတွက် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ကျေးရွာများရှိ တိုင်းရင်းသား မိဘပြည် သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများကို ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ တိုင်းရင်းသားမိဘပြည်သူများအား ဆက်လက် ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ စီမံကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းအချိန်က အမှတ် (၅) ရပ်ကွက် မြို့နယ်ဇမိခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာ၊ ဆရာမများ ကျန်းမာရေးဝန်ထမ်းများမှ စနစ်တကျကြီးကြပ်ကာ ပထမအကြိမ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး