သာယာဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာ​ပေးလုပ်ငန်းများ ဆက်လက်​ဆောင်ရွက်

သာယာဝတီ နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု များကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ​သာယာအေးကျေးရွာနှင့် ဖားရွှေကျော်ကျေးရွာတို့၌ Han Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့ အသိပေးပညာ​ပေး နှိုးဆော်ရာတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး နည်းလမ်းများဖြစ်သည့် လက်ကိုဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရေး၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ရေး၊ တက်နိုင်သမျှ နေအိမ်ထဲမှာသာ နေထိုင်ရေး၊ မဖြစ်မနေအပြင်သို့ ထွက်ရပါ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးစသည့် အချက်များကို ကရင်/မြန်မာ နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ခဲ့သည်။

ထို့နောက် မြို့နယ်အတွင်း ကိုဗစ်-၁၉​ ရောဂါ ကူးစက်ပြန့်ပွား​နေမှုများ ပြတ်​တောက်သွား​စေ​ရေး အတွက် ကျန်းမာ​ရေးဝန်ထမ်းများ၊ လူမှု​ရေးအသင်းဖွဲ့များ ပူး​ပေါင်းပြီး ကိုဗစ်-၁၉​ ရောဂါ ရှိ/မရှိ (အခမဲ့) စစ်​ဆေး​ပေးရာ၌ လာ​ရောက်စစ်​ဆေးပေးနိုင်​ရေးတို့ကို ​ အသိ​ပေးနှိုး​ဆော်ခဲ့​ကြောင်း သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)