ကမမောင်းမြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဆေးရောင်ခြယ် ပြိုင်ပွဲပြုလုပ်

ကမမောင်း  နိုဝင်ဘာ  ၁၉

ကရင်ပြည်နယ်၊ ကမမောင်းမြို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမတွင်  ယနေ့ နံနက် ၉ နာရီအချိန်က ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်တွင်  ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ကမမောင်းမြို့ ဦးစီးမှူးက ၂၀၂၁ ခုနှစ် ၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ ဖြစ်ပေါ်လာပုံများအား  ကျောင်းသား/သူများ သိရှိနိုင်ရေး အတွက် အကျယ်တဝင့် ရှင်းလင်းပြောကြားပေးပြီး ကလေးများအနေဖြင့် အများနှင့် ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ ကောင်းမွန်သော ယဉ်ပြိုင် လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာပေဗဟုသုတများ လေ့လာမှတ်သား အလေ့အကျင့်များရရှိ စေရန် စသည့် ရည်ရွယ် ချက် အသီးသီးဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍  ဆေးရောင်ခြည်ပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ   မူလတန်းအဆင့် ကျောင်းသား/သူ (၁၀)ဦးက ပန်းချီပုံများအား  စိတ်ပါ ဝင်စားစွာ ဆေးရောင်ခြယ်ခဲ့ကြပြီး  ပြိုင်ပွဲတွင် ဆုရရှိသူများအား တာ၀န်ရှိသူများက  အသီးသီးဆုများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)