ထားဝယ် နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ တည်ရှိသော ရွှေတောင်စားဘုရားကြီး၊ လောကမာရဇိန်ဘုရား၊ ရှင်ပင်ခရုဘုရား၊ ရှင်ဥဩဘုရားများတွင် တန်ဆောင်မုန်းလပြည့်နေ့၌ အေးချမ်းစွာ စည်ကားလျက်ရှိသည်။
ထားဝယ်မြို့၏ အထင်ကရဘုရားများတွင် စတုဒိသာကုသိုလ်ယူသူများ၊ ဘုရားဝင်းအတွင်းရှိ ငါးကန်များ၊ ရေတံခွန်များ၊ ဘုရားဖူးလာပရိတ်သတ်များ နားနေရန်နေရာများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
အဆိုပါ ဘုရားဖူးလာပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဖူးမျှော်ကြည်ညိုနိုင်ရေး ဘုရားဂေါပကအဖွဲ့များမှ လက်ဆေး ရည်များ ဖြန်းပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်ဖူးမြော်ရေးတို့ကို နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)