ပုလော မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက်လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ​ ရောဂါကာကွယ်​ရေးလိုက်လံ အသိပေး နှိုးဆော်

ပုလော  နိုဝင်ဘာလ ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း စေရေး အတွက် ပြည်သူများ လိုက်နာကြရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်း က  လူစည်ကားရာ​​​နေရာများ​​ဖြစ်သည့် စျေးများ၊ ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား  လှည့်လည်အသိပေး နှိုးဆော် ကြေညာခဲ့ ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၁၈)နှစ်ပြည့်ပြီးသူများ မြို့နယ်ခန်းမ၌ လာရောက် ဆေးထိုးနှံကြရန်၊ ကိုဗစ်၁၉ ရောဂါသည် လျင်မြန် စွာကူးစက် ပြန့်ပွားမှု ဖြစ်နေသဖြင့် မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင် သွားရန်၊ အပြင်သွားရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ လူစု လူဝေး ရှောင်ရှားရန်နှင့် လက်ကို ဆပ်ပြာ နှင့် မကြာခဏ ဆေး ကြောရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း နီးစပ်ရာနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့၌ ရောဂါ ပိုး ကူးစက်ခံ နေရသည်ဟု သံသယရှိပါက  ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယ ကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)