ပုလော နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့ စည်ပင်သာယာဈေးကြီးအတွင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနမှ ဒုတိယ ဦးစီးမှူး ဦးဝင်းချို၊ ရဲမှူး ဦးအုန်းလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးအတွင်း ရောင်းသူ ဝယ်သူ အားလုံး နှာခေါင်းစည်း(Msak) များအားမဖြစ်မနေကြတပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန်၊ မကြာခဏလက်ဆေးကြရန်နှင့် နေ့စဉ်မရှိမဖြစ် အသုံးလိုသော စားသောက် ကုန်များကိုသာရောင်းချကြရန်နှင့် အခြားကုန်ပစ္စည်းများ ရောင်းသောဆိုင်များကို ယာယီပိတ် ထားကြရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ဒဏ်ငွေပေး ဆောင်စေခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
အေးအေးမော်(ပုလော)