မြန်အောင်မြို့ ရွှေဘုံသာစေတီတော်မြတ်ကြီးတွင် ဆီမီး (၁၀၀၀)၊ ပန်း(၁၀၀၀) ပူဇော်ပွဲကျင်းပ ပြုလုပ်

မြန်အောင်    နိုဝင်ဘာ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့ ရွှေဘုံသာစေတီတော်မြတ်ကြီးတွင် ယမန်နေ့ ည နာရီက ဆီမီး (၁၀၀၀)၊ ပန်း (၁၀၀၀) ပူဇော်ပွဲ ကျင်းပပြုလုပ်ရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

မြန်အောင်မြို့ ရွှေဘုံသာစေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ ဆီမီး(၁၀၀၀) ပန်း (၁၀၀၀) ပူဇော်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့်ဇနီး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့်ဇနီး၊ ဌာနဆိုင်ရာများနှင့် ဘုရားဖူးလာပြည်သူများက ဆီးမီး၊ ပန်း၊ အမွှေးနံ့သာများအား စုပေါင်းထွန်းညှိပူဇော်ခဲ့ကြသည်။

အလားတူ မြန်အောင်မြို့ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဘုရားစေတီပုထိုးများ၊ လမ်းမများ၌ မီးထွန်းပွဲများ၊ စတုဒီသာ ကျွေးမွေးခြင်း၊ ပံ့သကူစွန့်ခြင်းတို့ ကျင်းပပြုလုပ်၍  မြန်အောင်မြို့ ဆုတောင်းပြည့်ဘုရားမှ ဧရာဝတီမြစ်အတွင်း ဆီမီးတစ်ထောင် မီးမျှောပူဇော်ပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင် )