ပြည့်ဝချမ်းသာ ကန်တော်မင်္ဂလာစေတီတော်မြတ် ဌာပနာတော်သွင်းနှံခြင်း၊ ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ပွဲကျင်းပ

သာပေါင်း   နိုဝင်ဘာ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်()ရပ်ကွက်၊ မှန်စီပရိယတ္တိ စာသင်တိုက်၏ သာသနာ့မြေပေါ်တွင် တည်ထားကိုးကွယ်သည့် ပြည့်ဝချမ်းသာ ကန်တော်မင်္ဂလာ စေတီတော်မြတ် ဌာပနာတော်သွင်းနှံခြင်း၊ ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မဂ်လာပွဲကို ယမန်နေ့နံနက် နာရီက ကျင်းပခဲ့သည်။

ပြည့်ဝချမ်းသာ ကန်တော်မင်္ဂလာ စေတီတော်မြတ် ဌာပနာတော်သွင်းနှံခြင်း၊ ရွှေထီးတော် တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာပွဲ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး မှန်စီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသောဘနထံမှ ကြွရောက်လာကြသော မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဌာပနာတော် ထည့်သွင်းမည့် ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီတို့နှင့် စေတီတော်ကြီးနှင့် အရံစေတီ()ဆူ၏ ထီးတော်များအား ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မင်္ဂလာအချိန်ဖြစ်သော ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့၊ နံနက် နာရီအချိန်တွင် ပြည့်ဝချမ်းသာ ကန်တော်မင်္ဂလာ စေတီတော်မြတ် ဌာပနာတော်သွင်းနှံခြင်း၊ ရွှေထီးတော်များတင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းများ  ဆောင်ရွက်ခဲ့ကြပြီး မင်္ဂလာမဏ္ဍပ်အတွင်းတွင် အလှူအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေ သာဓုအနုမောဒနာ တရားနာယူခဲ့ကြသည်။ ယင်းနောက် ပြည့်ဝချမ်းသာ ကန်တော်မင်္ဂလာ စေတီတော်မြတ် ဌာပနာတော်သွင်းနှံခြင်း၊ ရွှေထီးတော်များတင်လှူခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာပွဲ အောင်မြင်စွာပြီးစီး၍ ဗုဒ္ဓသာသနာ စိရံတိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနား ပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း / ပြန်/ဆက်)