ကမမောင်းမြို့ ကိုးန၀င်းဆုတောင်းပြည့်ဘုရားကြီး၌ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကျင်းပ

ကမမောင်း    နိုဝင်ဘာ  ၁၉

ကရင်ပြည်နယ်၊ ကမမောင်းမြို့၏ ကျက်သရေဆောင် သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သော ကိုးန၀င်းဆုတောင်းပြည့်ဘုရားကြီး၌  မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ည ၆ နာရီက ကမမောင်းမြို့ ဆုတောင်းပြည့် ကိုးန၀င်းဘုရားကြီးဝင်းအတွင်းရှိ ရက်ကန်းစင်မဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  မသိုးသင်္ကန်းရက်ခတ်ပူဇော်ပွဲကို ကိုးန၀င်းဘုရားကြီး ကျောင်းတိုက်ဆရာတော် ဘုရားကြီးမှ ဦးဆောင်ကာ စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် အလှူ့ဒါယိကာ၊ ဒါယိကာမ များက နှစ်စဉ် လာရောက်၍ မသိုးသင်္ကန်း ရက်လုပ်ပူဇော်နိုင်ရန် ရက်ကန်းစင် ၉ခု ဖြင့် လာရောက်ပူဇော် ရက်လုပ်ပေးကြ ကြောင်း သိရသည်။ 

အဆိုပါ ရက်လုပ်ပြီးသော မသိုးသင်္ကန်းများကို ယနေ့ နံနက် ၅ နာရီ၌ ဆုတောင်းပြည့် ဘုရားကြီးနှင့် အရန်စေတီများ၌ စေတနာရှင် အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်  နံနက်ပိုင်းမှ စတင်ကာ ကမမောင်းမြို့ရှိ ဆုတောင်းပြည့်ကိုးန၀င်း ဘုရားကြီးသို့ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘရားဖူးလာ ပြည်သူများ၊ တန်ဆောင်တိုင်ရုံး ပိတ်ရက် အပန်းဖြေသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)