ဆိပ်ဖြူ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် အရှေ့ကံတွင်းကျေးရွာတွင် ခြင်ကြောင့် ဖြစ်ပွားနိုင်သည့် ရောဂါများ ကာကွယ်ရေး အသိပညာပေး နှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို ယမန် နေ့လယ်၂နာရီက ကွင်းဆင်း အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။
မိုးရာသီရောက်ရှိလာသည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ်ပတ်ဝန်းကျင်တွင် ခြင်များပေါက်ဖွားခြင်း မရှိစေရန်နှင့် ခြင်ကြောင့်ဖြစ်ပွားနိုင်သည့်ရောဂါ အသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရန်အတွက် မြို့နယ်ပ ြည်သူ့ကျန်းမာရေးဦးစီးဌာန ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သောရောဂါ ကာကွယ် နှိမ်နင်းရေးအဖွဲ့ (ရ.ပ.က.န) မြို့နယ်ငှက်ဖျားအင်စပက်တော် ဦးတင်ယုနှင့်ဝန်ထမ်းများ ၊ လက်ဆည်ကျေးလက် ကျန်းမာရေးဌာန၊ကျန်းမာရေးမှူး ဒေါ်နီနီလင်းကျော်နှင့် ကျေးလက် ကျန်းမာရေးဌာန ဆရာမများ က ကွင်းဆင်း၍ ကျေးရွာရှိနေအိမ်များတွင် ခြင်ပေါက်ဖွားမှု မရှိစေရန် ဖုံး ၊သွန် ၊လဲ ၊စစ် လုပ်ငန်းများ ၊ ရေသိုလှောင်ထားရှိသည့် ရေစည် ၊ရေကန် ၊ရေအိုး ၊ရေခွက်များ အတွင်း၌ ပိုးလောက်လန်းများ ရှင်သန်ပေါက်ဖွားမှုမရှိစေရန် (Abate) ဆေးများခပ်ခြင်း ၊ နေအိမ် ပတ်ဝန်းကျင်တွင် ခြင်ခိုအောင်းနိုင်သည့် နေရာများ မရှိစေရန် အသိပညာပေး ဆောင်ရွက်ခြင်းများအပြင် ၊ သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ် နှိမ်နင်း ရေးအတွက် ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
စိုးလင်းနိုင်(IPRD)