ဘားအံ နိုဝင်ဘာ ၁၈
ကိုးရီးယားသမ္မတနိုင်ငံ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန၏ အထောက်အပံ့ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူး ခြင်းစီမံကိန်း၏ ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ခုနှစ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ၏ စီမံကိန်း(၄၀)ရွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘားအံမြို့နယ် ဝင်းဒရယ်ကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်း ကျေးရွာတွင်လည်း စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း (ICSP)ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာ၏စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပျဉ်းကတိုးကုန်းကျေးရွာတွင် စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဒုတိယနှစ် ဝင်ငွေ တိုးပွားရေးကဏ္ဍ ချေးငွေထုတ်ပေးခြင်း အခမ်းအနားကိုတော့ ယမန်နေ့ နံနက်(၁၀)နာရီ အချိန် က ဝင်းဒရယ်ကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းရွာ၊ဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းမှ အဖွင့် အမှာစကားပြောကြားပြီး ဘားအံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆဲင်ဇခုပ်မှ ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြား ခဲ့သည်။ထို့နောက် ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းမှ လယ်ယာသုံး စက်ကိရိယာဝယ်ယူရေးအတွက် ဦးစံတင်အားလည်ကောင်း၊ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဦးသန်းလှိုင်မှ စိုက်ပျိုးရေးစရိတ်ချေးငွေအတွက် ဦးကျောင်းသားအားလည်ကောင်း၊ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးစိုးမြင့်မှ စိုက်ပျိုးစရိတ်ချေးငွေအတွက် ဦးခင်မောင်သန်း အားလည်ကောင်း၊ ဘားအံခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အသေးစားချေးငွေများအတွက် နော်မြသီတာ စိုးအားလည်ကောင်း၊ ဘားအံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)မှ မွေးမြူရေး စရိတ် အတွက် နော်ဖောအဲရှီးအားလည်ကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)မှ မွေးမြူရေး စရိတ်အတွက် နော်မျိုးမျိုး အားလည်ကောင်း၊ ဘားအံမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ အသေးစားလုပ်ငန်းအတွက် နော်စန်းပွင့်ဦးအားလည်ကောင်း အသီးသီးချေးငွေများ ပေးအပ်ခဲ့ပါသည်။
အဆိုပါ ပျဉ်းကတိုးကျေးရွာ စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း (ICSP) ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာ၏စီမံကိန်းကို ကော်မတီအဖွဲ့ဝင် ၁၃၅ ဦးရှိပြီး စီမံကိန်းပထမနှစ်က စွမ်းဆောင်ရညမြင့်မားရေကဏ္ဍ၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးကဏ္ဍ၊ ဝင်ငွေတိုးပွားရေးကဏ္ဍ ကဏ္ဍ(၃)ကို စုစုပေါင်းငွေ တစ်ရာခြောက်ဆယ်သုံးသိန်းလေးသောင်းကျပ် (၁၆၃၄၀၀၀၀)ဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုစီမံကိန်းဒုတိယနှစ်မှာတော့ စွမ်းဆောင် ရည်မြင့်မားရေကဏ္ဍနှင့် ဝင်ငွေတိုးပွားရေးဏ္ဍ ကဏ္ဍ(၂)ခုကို စုစုပေါင်းငွေ တစ်ရာငါးဆယ်လေးသိန်းနှစ်သောင်းငါးထောင်လေးရာကျပ် (၁၅၄၂၅၄၀၀)ဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)