ဟင်္သာတ နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မသန်စွမ်းများအတွက် ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာမှ DAHW ပံ့ပိုးမှု့နဲ့ အတူ Shwe Minn Thafoundation (myanmar)ဟင်္သာတ ရုံးခွဲမှဥက္ကဋ္ဌ ဦးထွန်းမင်းလတ် ဦးဆောင်၍ မသန်စွမ်းသူများအတွက် တစ်လစာ ဆန် ၁ အိပ်၊ဆီ၁ ပိဿာ၊ ကုလားပဲ ၁ ပိဿာ၊ ငါးခြောက် ၅၀ ဿား ၊ အာလူး ၁ပိဿာဆား ၅၀ ဿား၊ ကြက်ဥ ၂၀ လုံးကို ထောက်ပံ့ခဲ့ရာ ယမန်နေ့က စားဝတ်နေရေးခက်ခဲ နေသောမသန်စွမ်း သူ ၃၀ ဦးအတွက် ထောက်ပံ့ပေးခဲ့သည်။
“လက်ရှိတွင် ဟင်္သာတမြို့နယ်တွင်း ရပ်ကွက်များနှင့် ကျေးရွာများရှိများသို့လည်းထောက်ပံ့ ပေးပြီးပါပြီ ဆက်လက်၍လည်း ဟင်္သာတ ခရိုင်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများထံအရောက် ၁ လစာရိက္ခာနှင့်Covid 19 ကာကွယ်ရေး ပစ္စည်းများနဲ့ ဆေးဝါး များကို ထပ်မံ ထောက်ပံ့ဖို့ ရှိပါတယ်ခင်ဗျာ”ဟု ဟင်္သာတ မြို့နယ်မသန်စွမ်း အသင်းက တာဝန်ရှိသူ ဦးထွန်းမင်းလတ် ကပြောသည်။
ကိုဇော်-ဟင်္သာတ