ဆိပ်ဖြူ နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကျက်သရေဆောင် ရှေဟောင်းသမိုင်းဝင် ရွှေမင်းဝန်စေတီ တော်မြတ်ကြီး၏ (၁၈၀) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းစာရေးတံမဲဆပ်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီက ရွှေမင်းဝန်စေတီတော် မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။
ရှေဟောင်းသမိုင်းဝင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၀) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းစာရေးတံမဲဆပ်ကပ်လှူဒါန်းပွဲတော်ကြီးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရွှေမင်းဝန်စေတီ တော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မတီတို့၏ ဦးဆောင်မှုဖြင့် (၁၈၀) အကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းစာရေးတံမဲဆပ်ကပ်လှူဒါန်းပွဲကို အစဉ်အလာ မပျက်ဆပ်ကပ် လှူဒါန်းကျင်းပခဲ့ရာ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် မြို့ပေါ်ကျောင်းတိုက် အသီးသီးမှ ဆရာတော်သံဃာတော်များ ကြွချီတော်မူကြပြီး၊ အမှတ် (၂၁) ကာကွယ်ရေးပစ္စည်း စက်ရုံမှ ဗိုလ်မှူးကြီးနိုင်အောင်နှင့်ဇနီး၊ နယ်မြေခံ လုံခြုံရေးတပ်မမှူး ဗိုလ်မှူးကြီးအံ့ကျော်နှင့် တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊မြို့နယ်ဌာနဆိုင်ရာများ၊ဆွမ်း စာရေးတံမဲ အလှူရှင်များတက်ရောက်ခဲ့သည်။
ရှေဟောင်းသမိုင်းဝင် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၀) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းစာရေးတံမဲဆပ်ကပ်လှူဒါန်းပွဲတွင် မြို့နယ်အတွင်းရှိ ဆွမ်းစာရေးတံမဲ (ဆွမ်းလုံး) အလှူရှင် များ၊ ဌာနဆိုင်ရာအလှူရှင်များ ၊ရပ်ဝေးရပ်နီး အလှူရှင်များကလှူဒါန်းသည့် ဆွမ်းစာရေးတံမဲ (ဆွမ်းလုံး)ကြီး(၁၉)ခုအား ကျောင်းတိုက်အသီးသီးတွင် သီတင်းသုံးတော်မူသည့် ဆရာတော်ကြီး များအား မဲဖောက်၍ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်လာ ဧည့်ပရိတ်သက်များအား ဆီထမင်း၊မယ်ဇလီဖူးသုပ်များ၊မုန့်များဖြင့်စတုဒိသာကျွေးခြင်းဖြင့် ကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြ ကြောင်းသိရှိရပြီး ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ (၁၈၀) အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရွှေမင်းဝန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေး ကော်မတီ တို့၏ စီမံမှုဖြင့် မြို့နယ်ဂုဏ်ဆောင် မျိုးဆက်သစ်လူငယ်များနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်ခြင်းပညာရှင်များ ပူးပေါင်း၍ မြန်မာ့ရိုရာခြင်း အလှပြခတ်ခြင်းဖြင့်လာရောက်ဖျော်ဖြေခဲ့ပြီး အဆိုပါ အဖွဲ့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ရွှေမင်းဝန်စေတီတော်မြတ်ကြီး ဂေါပက ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင် များက ဂုဏ်ပြုလက်ဆောင်များပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ကိုဇွဲ(အညာမြေ)