ဘောဂလိ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အနေဖြင့် အသက်အရွယ်အလိုက် စာအုပ် စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင် စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော် အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့် ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပ ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်း ၃ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပရာ စာအုပ် စာစောင် ချစ်မြတ်နှိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာရေးဆရာ ကျော်ကျော်လှိုင်၏ ပျော်ရွှင်ခြင်းစာအုပ်အား အဖွဲ့ဝင်များက အခက်အခဲနှင့်ရင်ဆိုင်ရလျှင် စိတ်ပူပန်တတ်သော အကျင့်ကိုဖျောက်ပါ၊ အကောင်းဆုံးပေးဆပ်ပါ ပျော်ရွှင်မှုနှင့်အခက်အခဲ စသည့်ခေါင်းစဉ် ဆောင်းပါး အကြောင်းအရာများအား စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသက်း Book Clubအဖွဲ့ဝင်များမှ အဖွဲ့ဝင်တစ်ဦးချင်းစီအလိုက် အလှည့်ကျ တစ်ပုဒ်စီဖတ်ကြားပြီး ဆောင်းပါး ပါအကြောင်းအရာများကို မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘောဂလိ (ပြန်/ဆက်)