ပလောက် နိုဝင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စု တွင် မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ၏လမ်းညွှန်မှုအရ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများ ပူးပေါင်း၍ ယမန်နေ့ ညနေ(၃)နာရီအချိန်မှစပြီး ဆင်ထိုးကြီးကျေးရွာအုပ်စုအတွင်းမှီတင်း နေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနည်းလမ်းများနှင့်အညီ ကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီ အချိန်တွင် ဆင်ထိုးကြီးကျေးရွာ၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ လာရောက်ထိုးနှံနိုင် ရေးကိုအသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ အသိပညာပေး နိုးဆော် ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူများကိုဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ရာ လာရောက် ထိုးနှံကြပါရန် ၊ကိုဗစ်−၁၉ ရောဂါသည် လျင်မြန်စွာကူးစက်ပျံ့ပွားမှု ဖြစ်နေသဖြင့် မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်သွားရန်၊ အပြင်သွားရာတွင် နှာခေါင်း စည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ရှားရန်နှင့် လက်ကို ဆပ်ပြာ နှင့် မကြာခဏ ဆေး ကြောရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ် ခြင်း နီးစပ်ရာနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံ နေရသည်ဟု သံသယရှိပါက ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များကို တိကျစွာလိုက်နာရန် အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)