ဆွမ္မရာ နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆွမ္မရာမြို့အခြေခံပညာ အထက်တန်း ကျောင်း၌ ယမန်နေ့က အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (sinovac) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ပညာရေးဌာန ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ ကျောင်သားမိဘများ ပူးပေါင်း၍ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့် အလမ်းများ ရရှိလာစေရန်၊ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန် ရရှိစေရန်နှင့် မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ ဆွမ္မရာမြို့(အ.ထ.က)ကျောင်းတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး၊ ပန်ဆပ်(အ.ထ.က)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၃၆)ဦးနှင့် ကုံကိုင်လုံ(အ.ထ.က)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၉၄)ဦး စုစုပေါင်း (၁၇၀)ဦးအား ထိုနှံပေးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ချိန်းပေါ့ (ဆွမ္မရာ)