ကျိုက်လတ် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်၉ နာရီက ကျုံသိဝ ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျုံသိဝကျေးရွာအုပ်စုရှိ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း(၃၂)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း(၂၃)ဦး၊၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း (၉၁)ဦး၊နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှုပေါင်း (၁၁၁)ဦး၊ စုစုပေါင်း(၂၅၇)ဦး အား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)