ကြို့ပင်ကောက် နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ဌာနဆိုင်ရာဝန်ထမ်းများ၏ ဒဿမအကြိမ်မြောက်စုပေါင်း မဟာဘုံကထိန်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနရုံးတွင် ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကထိန် လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို အထက်မျက်နီကွင်းဘုန်းတော်ကြီးကျောင်း၊ ညောင်ပင် သာဘုန်းတော်ကြီးကျောင်းနှင့် ကတုတ်မြိုင်ဘုန်းတော်ကြီးကျောင်းတို့အား ရည်စူး၍ မြို့နယ် သံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီး ဘဒ္ဒန္တစိန္တိတထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပြီး ပင့်ဖိတ်ထားသောသံဃာတော် အရှင်သူ မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ကြို့ပင်ကောက်မြို့ ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲကို အထက်မျက်နီ ကွင်းဘုန်းတော်ကြီးကျောင်းသို့ ကထိန်လျာသင်္ကန်းနှင့်အလှူငွေ ၁၀၅၀၀၀၀ ကျပ်၊ ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်းသို့ ကထိန်လျာသင်္ကန်းနှင့်အလှူငွေ ၁၀၅၀၀၀၀ ကျပ်၊ ကတုတ်မြိုင် ဘုန်းတော်ကြီးကျောင်းသို့ ကထိန်လျာသင်္ကန်းနှင့်အလှူငွေ ၁၀၅၀၀၀ ကျပ် စုစုပေါင်းလှူဒါန်းငွေ ၃၁၅၀၀၀၀ ကျပ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)