ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ မဟာဘုံကထိန်ပွဲ ကျင်းပပြုလုပ်

ဟင်္သာတ နိုဝင်ဘာ ၁၈

ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်း၍  စုပေါင်းမဟာ ဘုံကထိန်ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ဟင်္သာတမြို့၊ လယ်တီကွင်းရပ်ကွက်၊ မေဃဝတီကျောင်း၌ ကျင်းပပြုလုပ်ရာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ ဆရာတော်ကြီးထံမှ  ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မှုသော ပရိတ်တရားတော် များကို နာယူခြင်း တို့ ဆောင်ရွက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သာသနာရေး ဆိုင်ရာများ လျှောက်ထားခဲ့သည်။ ထို့နောက် ကထိန်လျာဉာတ်သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများကို တာဝန်ရှိသူများက အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မိုးကောင်းကျောင်းတိုက် ဆရာတော်ဘူရားကြီးထံမှ ကထိန်အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆရာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ  စုပေါင်းမဟာ ဘုံကထိန်ပွဲတွင် ပဒေသာပင်(၄၀) ခု၊ ပစ္စည်းတန်ဘိုး ၉၀၇၇၃၃၀ ကျပ်၊ ငွေသား တန်ဘိုး ၁၁၆၈၁၉၀၀ ကျပ်နှင့် ဉာတ်သင်္ကန်းနှင့် ဆရာတော်များ ဆွမ်းကွမ်း ဝေယျာဝစ္စ အလှူငွေ ၃၃၈၂၉၀၀ ကျပ် စုစုပေါင်း လှူဒါန်းငွေ (၂၄၁၄၂၁၃၀) နှစ်ရာလေးဆယ့် တစ်သိန်းလေးသောင်း နှစ်ထောင့် တစ်ရာ သုံးဆယ်ကျပ်တိတိအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကိုဇော် - ဟင်္သာတ