ပိုင်ကျုံ နိုဝင်ဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတ အတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ် အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ယမန်နေ့ ညနေပိုင်း ၃ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ် ကျင်းပရာ စာအုပ်စာစောင် ချစ်မြတ်နှိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ စာရေးဆရာ ကျော်ကျော်လှိုင်၏ တန်းဖိုးရှိသောနေ့စာအုပ်အား အဖွဲ့ဝင်များက တန်ဖိုးရှိသောနေ့၊ အောင်မြင်ရေးစိတ်ဓာတ်မွေးမြူပါ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားပါ ခေါင်းစဉ်ဆောင်းပါး အကြောင်းအရာပါများအား စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Clubအဖွဲ့ဝင်များမှ အဖွဲ့ဝင်တစ်ဦးချင်းစီအလိုက် အလှည့်ကျ တစ်ပုဒ်စီဖတ်ကြားပြီး ဆောင်းပါးပါအကြောင်းအရာများကို မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)