ကျိုက်ဒုံမြို့၊ တန်ဆောင်မုန်းလပြည့်နေ့၌ မိတန်သမဂ္ဂကျောင်းတိုက်၌ ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲကျင်းပ

ကျိုက်ဒုံ နိုဝင်ဘာ ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၈ နာရီက မိတန်သမဂ္ဂကျောင်းတိုက်၊ ပုရဝုဏ်အတွင်း၌ ကျိုက်ဒုံမြို့ပေါ် ကျောင်းတိုက် များနှင့် ကျေးရွာများရှိ ပင့်ကျောင်း အသီးသီးမှ ကြွရောက်လာသော ဆရာတော်၊ သံဃာတော်၊ ရှင်သာမဏေများ၊ သီလရှင်များ စုစုပေါင်း အပါး(၈၀)အား ဒေသနေ အလှူရှင်များမှ ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲ ကျင်းပခဲ့သည်။

ဆက်လက်၍ ကျိုက်ဒုံမြို့၊ တီတာရာမစာသင်တိုက်၊ တောင်ပေါ်ကျောင်းတွင်လည်း နေ့လယ် ၁ နာရီတွင် စုပေါင်းမဟာဘုံကထိန်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူဒါန်းပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုနောက် ညနေ ၄ နာရီအချိန်တွင် ကျိုက်ဒုံမြို့ပေါ်ရပ်ကွက်အတွင်း၌ အလှူရှင်၊ စေတနာရှင်များ မိမိတို့၏ နေအိမ်များရှေ့တွင် ကြာဇံဟင်းခါး၊ မုန့်ဟင်းခါး၊ အချိုရည်၊ မယ်ဇလီဟင်းချို စသည့် စတုဒီသာများ တိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)