ကျောက်ကြီးမြို့နယ်၌ ဌာနဆိုင်ရာများစုပေါင်းမဟာဘုံကထိန် ကျင်းပပြုလုပ်

ကျောက်ကြီး   နိုဝင်ဘာ   ၁၈

 ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြီးကြပ်စီမံမှုဖြင့် ယမန်နေ့ ညနေ ၃ နာရီတွင် ဌာနဆိုင်ရာ များစုပေါင်းမဟာဘုံကထိန် ကျင်းပပြုလုပ်ခဲ့သည်။

 ကျောက်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်းမဟာဘုံကထိန်ပွဲအား ကျန်းမာရေးဝန်ကြီး ဌာန၏ ညွှန့်ကြားချက်များနှင့်အညီ အစဥ်လာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ လပြည့်နေ့၌ ကထိန်လှူဘွယ်ပစ္စည်းများအား ရေစက်ချတရားနာယူသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကထိန်ပွဲအား မြို့နယ်ဌာနဆိုင်ရာ(၃၂)ခု၊ မြို့ပေါ်ရပ်ကွက်(၇)ခု နှင့် လူမှုရေးအသင်းအဖွဲ့(၃)ခု စုစုပေါင်း(၄၂)ခုတို့မှ ကျောက်ကြီးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း(၁၈) ကျောင်းတို့တွင် စုစုပေါင်းလှူဒါန်းငွေကျပ် (ငါးဆယ်ငါးသိန်းခြောက်သောင်းရှစ်ထောင်ကျော်) တန်ဖိုးရှိ ဝတ္ထုငွေနှင့်အထွေထွေသုံးပစ္စည်း များ စုပေါင်းလှူဒါန်းခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကသိရသည်။

မြို့နယ်(ပြန်/ဆက်)