တန်ဆောင်မုန်းလပြည့်နေ့တွင်နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်း၌ဘုရား ဖူးပြည်သူများစည်ကားလျက်ရှိ

နတ်မောက်    နိုဝင်ဘာ   ၁၈

တန်ဆောင်မုန်းလပြည့်နေ့တွင်ဗုဒ္ဓမြတ်စွာဘုရားအားပူဇော်သည့်အနေဖြင့်နတ်မောက်မြို့နယ်အ တွင်းရှိတန်ခိုးကြီးဘုရားများ၊ဘုရားကျောင်းကန် စေတီပုထိုးများ၌ကုသိုလ်ပြုကြသူများ ဖြင့်စည် ကားလျက်ရှိကြောင်းသိရသည်။

နတ်မောက်မြို့၏ အထင်ကရတစ်ခုဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးတွင် တန်ဆောင်မုန်း လပြည့်နေ့ ထူးနေ့မြတ်အချိန်အခါသမယဖြစ်သည့် ယနေ့နံနက်ပိုင်း၌ဒေသခံ ပြည်သူများ အပါအဝင် ဘုရားဖူးလာသူများကဆုတောင်းပြည့်ဘုရားကြီး အားပန်း၊ရေချမ်း၊ဖယောင်းတိုင် မီးများ၊အမွှေးတိုင်များ ကပ်လှူပူဇော်ကြပြီး၊ ဘုရားကြီးတွင် ဥပုသ်သီတင်းများ ဆောက်တည် ခြင်း၊အဓိဋ္ဌာန် ပုတီးစိပ်ခြင်းနှင့်ကလေးငယ်များက လည်းဘုရားရင်ပြင်တွင် သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ထို့အတူနတ်မောက်မြို့နယ်အတွင်းရှိသမိုင်းဝင် ပင်းမြို့ဟောင်းရှင်အရဟံမဟာဗောဓိရွှေညောင် တော်နှင့်အောင်သပြေညီနောင်တို့တွင်လည်း ဘုရားဖူးပြည်သူများစည်ကားလျက်ရှိသည်။

လှဝင်း