လှိုင်းဘွဲ နိုဝင်ဘာလ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် တပ်ရင်း များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူများ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လှိုင်းဘွဲမြို့မပရိယတ္တိစာသင်တိုက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒက မဟာဘုံကထိန် သင်္ကန်းကပ်လှူရခြင်း၏ အကျိုးတရားများ၊ မင်္ဂလာတရားတော်များ၊ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များ ဟောကြားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းများမှ ပင့်ဖိတ် ဆရာတော်/ သံဃာတော်များအား အလှူရှင်များက ကထိန်သင်္ကန်း ကပ်လှူပူဇော်ခြင်း၊ အလှူငွေများနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ရေစက်ချသွန်းချ အမျှဝေပေးခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။ ထို့နောက် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်တာဝန်ရှိသူများက ဆရာတော်/ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)