ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသောနိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကျင်းပ

ကြို့ပင်ကောက် နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပျဉ်ထောင်တွင်းကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၂)ကတ်အား ဒေသခံပြည်သူများထံလက်ဝယ် အရောက် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှူးရုံး မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင်က လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်အား အသေးစိတ် ရှင်းလင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်ကိုကိုနှင့် တာဝန်ရှိသူများက ပျဉ်ထောင် တွင်းကျေးရွာအုပ်စု အတွင်းရှိသက်ဆိုင်ရာဒေသခံပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြ သည်။

ကြို့ပင်ကောက်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရမည့် လူဦးရေ စုစုပေါင်း ၄၈၇၉ ဦးတွင် နိုင်ငံသားစီစစ်ရေး ကတ်ပြားပြုလုပ်ပြီးသူစုစုပေါင်း ၁၉၈၆ ဦး ၄၀ ဒဿမ ၇၁ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင်က ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)