သာယာဝတီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် ဆပ်ကပ်လှူဒါန်းပွဲကျင်းပ

သာယာဝတီ နိုဝင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ များ စုပေါင်းမဟာဘုံကထိန် ဆပ်ကပ်လှုဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီက သာယာဝတီမြို့ ကျိုက်ထို ဇောတိကာရုံကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဟိုနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျိုက်ထိုဇောတိကာရုံကျောင်းတိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣန္ဒာ စရိယထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြပြီး ကထိန်မရရှိသည့် ကျောင်း(၅)ကျောင်းတို့မှ ဆရာတော်များအား ကထိန်လျာသင်္ကန်းဆက်ကပ် လှူဒါန်း ပြီး ကျောင်းတိုက်အသီးသီးမှ သံဃာတော်များအား ကထိန်လျာသင်္ကန်းများနှင့် လှူဖွယ်များကို ဆပ်ကပ် လှူဒါန်းကာ ငွေကျပ် ၃၈၆ သိန်း ၇၀၅၀ ကျပ် တန်ဖိုးရှိ ပဒေသာပင်များကို ကျောင်းစဉ်အလိုက် စာရေးတံမဲဖောက် လှူဒါန်းပေးခဲ့ကြ​ကာ တက်ရောက်လာသောခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ များက "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)