မြောင်းမြ နိုဝင်ဘာ ၁၈
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် ၉ နာရီက မြစန္ဒာရပ်ကွက်အမှတ် (၇)၊အခြေခံပညာ အထက်တန်း ကျောင်းခွဲ တွင်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီး မှူးရုံးမှ ဒု-လဝကမှူး ဒေါ် စန္ဒီစိုးနှင့် ဝန်ထမ်းများက မြစန္ဒာရပ်ကွက်အတွင်းရှိ ပြည်သူများမှ အသက် (၁၆)နှစ်အောက်(၁၁)ဦး ၊အသက် (၁၆-၁၈) နှစ် (၁၆) ဦး၊အသက် (၁၈) နှစ်ထက်(၈၈)၊တို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ခဲ့ပြီးလဲလှယ် (၈) ၊မိတ္တူ(-) စုစုပေါင်း (၁၂၃) ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဒေါ်စန္ဒာကြည်