အိမ်မဲ နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ ၁၆ ရက်နံနက် ၁၀ နာရီအချိန်က ကညင်ကုန်းကြီးကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင်အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုငဦး နှင့်ဝန်ထမ်းများကကညင်ကုန်ကြီးကျေးရွာမှ ပြည်သူများအားပန်းခင်းစီမံချက်ဖြင့်အသက် (၁၀) နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကတ်(၉)ကတ်၊ အသက် (၁၈)နှစ်ပြည့် (၁၀၄)ကတ်၊လဲလှယ်(၁၃)ကတ်၊မိတ္ထူ (၂၂)ကတ် စုစုပေါင်း နိုင်ငံသား စိစစ်ရေးကတ် (၁၄၈)ကတ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့်မြို့နယ်အတွင်းကျေး ရွာအုပ်စု (၉၇) အုပ်စု၊ကျေးရွာခွဲပေါင်း(၅၀၅)ရွာမှ ပြည်သူများအားပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ၂၀၂၁ ခုနှစ်မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
"ကျွန်တော်တို့ဌာနအနေနဲ့ ပန်းခင်းစီမံချက်နဲ့အညီ နိုင်ငံသားတစ်ဦးရဲ့တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနဲ့ လူမှုစီးပွားဘဝ ပြည်စုံမှုရှိစေရေးတို့အတွက် သတ်မှတ်ချက်နဲ့အညီ ကိုက်ညီသူ များကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးရုံးမှာ အိမ်ထောင်စုလူဦးရေ စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးသလို ကျေးရွာအုပ်စုများမှာလည်း အဖွဲ့(၂)ဖွဲ့ခွဲကာကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း"မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ(လဝက)ဦးစီးမှူး ဦးအောင်နိုင်ဦး ပြောကြားချက်အရသိရသည်။
ချစ်သက်လယ်(အိမ်မဲ)