ကျွန်းစု နိုဝင်ဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နိုဝင်ဘာလ(၁၆)ရက်နေ့က စခန်းသစ်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၂၈)ဦး၊ အသက်(၁၈) နှစ်ပြည့် နိုင် ၆(က) (၂၃)ဦး၊ လဲလှယ်(၁၂)ဦး၊ မိတ္တူ(၁၂)ဦး၊ စုစုပေါင်း(၈၅)ဦးနှင့် အိမ်ထောင်စု ရွေ့ပြောင်း(၄၄)စုတို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင် များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)