အုတ်တွင်းမြို့နယ်တွင်ပန်းခင်းစီမံချက်အိမ်ထောင်စုလူဦးရေနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

အုတ်တွင်း   နိုဝင်ဘာ   ၁၈

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှဦးစီးမှူးနှင့်ဝန်ထမ်းများကယနေ့နံနက်ပိုင်းကခေါင်ရမ်းကျေးရွာအုပ်စု၊သိမ်ကုန်းဘုန်းတော်ကြီးကျောင်း၌ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အုတ်တွင်းမြို့နယ် ခေါင်ရမ်းကျေးရွာမှ မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်း​နှင့် အသက်(၁၈) နှစ်ပြည့်ပြီးသူများ အားနိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ကကွင်း ဆင်းဆောင်ရွက်ပေး ခဲ့ရာနိုင်၃(က)ပြုလုပ်သူ(၃၄)ဦးနိုင်၆(က) ပြုလုပ်သူ(၁၃၅) ဦး၊ မိတ္တူ(၁)ဦး စုစုပေါင်း(၁၇၀)ဦးတို့အား ​နေ့ချင်းပြီးကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်း စီမံချက် ကာလ သတ်မှတ်ချက် မှာ၂၀၂၁ ခုနှစ် ၊မေလ၃ရက် နေ့မှ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ၃ရက် နေ့ထိ ဆောင်ရွက်ပေးမှာဖြစ်ပြီး၊ အုတ်တွင်း  မြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံ သားစိစစ်ရေးကတ်ပြား ပြုလုပ်ရမည့် လူဦးရေလျာထား ချက် မှာ(၅၆၉၁) ဦးရှိပါကြောင်း၊ပြုလုပ်ရန်ကျန်ရှိသောရပ်ကွက်/ ကျေးရွာများမှ အသက်(၁၈) နှစ် ပြည့်ပြီးသူများကိုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများအားဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း​အုတ်တွင်း မြို့နယ် ဦးစီးမှူးရုံးမှသိရသည်။

ခင်ခင်မာ(ပြန်/ဆက်)