ဇလွန် နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၌ တန်ဆောင်တိုင်ရုံးပိတ်ရက် ယနေ့ ညနေ ၆ နာရီ အချိန်တွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့မှစ၍ လပြည့်ကျော်(၁) ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဝေယံ-ဇလွန် (ပြန်/ဆက်)