အိမ်မဲ နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်း(၁)လမ်းတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိ သော အိမ်မဲမြို့တည် သမိုင်းဝင်ရှင်ပင်ချမ်းသာကြီး ဘုရားတွင် ယမန်နေ့ ညနေပိုင်း (၅)နာရီအချိန်က စတင်ပြီး ဘုရားဖူးလာပြည်သူများ တဖွဲဖွဲဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား ရုပ်ရှင်တော်မြတ်ကြီး၌ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် လုံး တော်ပြည့် ရွှေသင်္ကန်းနှင့် ငွေပဒေသာပင် ဆက်ကပ် လှူဒါန်းပွဲနှင့် ၁၉ ရက်နေ့၌ သြဝါဒခံယူရေစက်ချတရားပွဲပြု လုပ်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)