လောင်းလုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လောင်းလုံး နိုင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊  ထားယ်ခရိုင်၊ လောင်းလုံးမြို့နယ် လူင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် န်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် စမ်းလှမ်းကျေးရွာ အဏ္ဏဝါ အလင်းတန်း စာကြည့်တိုက်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် န်ထမ်းများက စမ်းလှမ်းကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေ ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားကို အသက် (၁၀) နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် ပြုလုပ်ပေးခြင်း၊ အသက် (၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေး ခဲ့ရာ အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကျား(၃၅)ဦး၊ မ(၄၀)ဦး၊ စုစုပေါင်း (၇၅)ဦးတို့အား ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ  ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကို  ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှ စတင်ကာ ဆောင်ရွက် ပေးလျက်ရှိပြီး မိမိတို့မွေးဖွားရာဇာတိမြေ အမြဲနေထိုင်ကာ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိဇာတိမြေတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ရွေ့ပြောင်းနေထိုင်သူများ အနေဖြင့်  မူလဒေသတွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)