ထားဝယ် နို၀င်ဘာ ၁၇
ရန်ကုန်−ထားဝယ်၊ ရန်ကုန်−မြိတ်၊ ရန်ကုန်−ကော့သောင်း လေကြောင်းခရီးစဉ်များကို နေ့စဉ် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်−ထားဝယ်−ကော့သောင်း−ထားဝယ်−ရန်ကုန် ခရီးစဉ်များကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင်လည်းကောင်း၊ ရန်ကုန်−ထားဝယ်−ရန်ကုန် တိုက်ရိုက်ခရီးစဉ်ကို အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေနေ့များတွင်လည်းကောင်း၊ ထားဝယ်−ကော့သောင်း ခရီးစဉ်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင်လည်းကောင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း ထားဝယ် မြို့ Air KBZ မန်နေဂျာထံမှ သိရသည်။
ကိုဗစ်−၁၉ ရောဂါကြောင့် အဆိုပါလေကြောင်းလိုင်းများကို ပိတ်ထားခဲ့ရာမှ ပြန်လည်ဖွင့်လှစ် ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်−ထားဝယ်၊ ရန်ကုန်−မြိတ် လေကြောင်းခရီးစဉ်များကို နိုဝင်ဘာ ၁၉ ရက်နေ့မှစ၍လည်းကောင်း ရန်ကုန်−ကော့သောင်းခရီးစဉ်မျာကို နိုဝင်ဘာ ၂၁ ရက်နေ့မှစ၍ လည်းကောင်း နေ့စဉ်ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။ ရန်ကုန်−ကော့သောင်း လေကြောင်း ခရီးစဉ်ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ပြေးဆွဲလျက်ရှိရာ နိုဝင်ဘာ ၂၁ ရက် နေ့စ၍ နေ့စဉ် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း Air KBZ လေကြောင်းလိုင်း တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ခရီးစဉ်များကို MAI နှင့် Air KBZ တို့ပူးပေါင်း၍ E190 လေယာဉ်ဖြင့် ပြေးဆွဲပေးသွား မည်ဖြစ်ပြီး လေယာဉ်လက်မှတ်များကို ၀၁−၉၆၇၀၀၇ ၊ ၀၉−၉၆၉၅၀၀၀၀၇ တို့ကို ဆက်သွယ်၍ လည်းကောင်း၊ www.maiair.com နှင့် www.airkbz.com တို့တွင်လည်းကောင်း ဝယ်ယူနိုင်ကြောင်း သိရသည်။
ရွှေပင်လယ်