လေရှီး နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) သင်တန်း ဖွင့်ပွဲ ကျင်းပရာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခေါင်းပေါ့မှ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းလုပ်ငန်း (VDP)နှင့် စပ်လျဉ်း၍ ရှင်းပြောကြားသည်။
အဆိုပါသင်တန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်နေသည့် ဝမ်းဘဲကွက် သစ်၊ ထိန်ဖာရံ၊ ရှာရှိန်း၊ သာယာကျေးရွာ စသည့်ကျေးရွာ(၄)ရွာမှ သင်တန်း သား(၁၂)ဦး အား နိုဝင်ဘာ လ(၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၄)ရက်ကြာသင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး ၎င်းကျေးရွာများ အနက်မှ ထိန်ဖာရံကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်း မဆောင်နှင့် ဝမ်းဘဲကွက် သစ်ကျေးရွာ၊ ရှာရှိန်းကျေးရွာနှင့် သာယာ ကျေးရွာတို့တွင် ရေပေးဝေရေးလုပ်ငန်းများအားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
ဆိုင်းသား(လေရှီး)