ရေဦး နို၀င်ဘာ ၁၆
ရေဦးမြို့စည်ပင်သာယာရေးဌာန၏ ၂၀၂၁ - ၂၀၂၂ ခုနှစ်တိုင်းဒေသကြီးစည်ပင်သာယာရေးဌာနခွင့်ပြု ဘဏ္ဍာရန်ပုံ ငွေဖြင့် နို၀င်ဘာလ ၁၆ ရက်က အောင်ဆန်းရပ်ကွက် ဘုရင့်နောင်လမ်း ကတ္တရာထပ်ပိုး လွှာခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းသည် အများပြည်သူအသုံးပြု သွားလာလျက်ရှိသောလမ်းဖြစ်ပြီး လမ်းအရှည် ၁၀၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၃ လက်မခန့်ကိုထပ်ပိုးလွှာခင်းပေးနေကြောင်း၊ ပြုပြင်ရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက် တွင်းလမ်း များ ကောင်းမွန်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု စည်ပင်သာယာရေးအဖွဲ့ မြို့ပြ အင်ဂျင်နီယာက ပြောသည်။
မြို့နယ် ပြန်/ဆက်