ပလောက်မြို့တွင် အသက်(၁၂)နှစ်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်ကာကွယ်ဆေး (Sinovac)ကို စနစ်တကျ ထိုးနှံပေးလျက်ရှိ

ပလောက်  နိုဝင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အသက် (၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက် (၉)နာရီအချိန်ခန့်တွင်    အ-ထ-က ၊ ပလောက်ကျောင်း ခန်းမ၌ ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပလောက်မြို့  အခြေခံပညာအထက်တန်းကျောင်း စုရပ်၌ အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၁၅၀)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၄၈)ဦး၊ စုစုပေါင်း(၁၉၈)ဦးတို့အား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများအား ပလောက် ဆေးတပ်ဖွဲ့မှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှတာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

နှင်းမြူလွင်