မြိုင်မြို့ ယာယီပျံကျဈေး အနီးတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

မြိုင် နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့ယာယီပျံကျဈေးအနီးတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၆ နာရီ အချိန်က ယာယီပျံကျဈေး အနီးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် လိုက်နာရမည် ရှောင်ရန်၊ ဆောင်ရန်အချက်များနှင့် မြိုင်မြို့သည် Stay at Home သတ်မှတ်ခံရသည့်မြို့ဖြစ် ၍ Stay at Home ကာလအတွင်း  လိုက်နာရမည့် အချက်များကို Song Box ဖြင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးခြင်း လုပ်ငန်းများကို  မြို့မယာယီပျံကျဈေး ဖွင့်ချိန်များတွင် နေ့စဉ်နေ့တိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သူရ(ပုံတောင်)