ပိုင်ကျုံမြို့ အ-ထ-ကကျောင်း၌ အသက်(၁၂)နှစ်အထက်ကျောင်းသားကျောင်းသူများ ပထမအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ပထမရက်တွင်(၄၄၁)ဦးထိုးနှံပြီးစီး

ပိုင်ကျုံ   နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းစေရေး၊ ရောဂါအမြန်ကာကွယ်  ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင် စွာ    ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍  ပထမအသုတ် ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ   အခြေခံပညာကျောင်း များဖြစ်သည့် အထက်တန်းကျောင်း၊ အ-ထ-က(ခွဲ)ကျောင်း၊  အလကကျောင်း၊  အလက(ခွဲ) ကျောင်းနှင့် မူ(လွန်)ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် အသက်(၁၂)နှစ် အထက်  ကျောင်းသားကျောင်းသူများအား ကျန်းမာပျော်ရွှင်ပြီး  စိတ်အေးချမ်းသာစွာ  ပညာ သင်ကြားနိုင်ရေးနှင့်   လူ့စွမ်းအာအရင်းအမြစ် တိုးတက်စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာလ(၁၅)ရက်နေ့တွင် (၆၉၆)ဦး ထိုးနှံပေးသွားမည် ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်း ပထမရက်တွင် (၄၄၁)ဦးလာရောက်ထိုးနှံခဲ့ ကြောင်း ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ထိုသို့လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး မှူး ဦးသက်နိုင်စိုးက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံမည့်သူများအား ဆေးမထိုးခင်ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း များ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရေး အတွက် ပူးပေါင်း ပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

ပိုင်ကျုံ (ပြန်/ဆက်)