ဆိပ်ဖြူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် Oxygen Plant စက်ပစ္စည်းများရောက်ရှိ

ဆိပ်ဖြူ      နိုဝင်ဘာ  ၁၆

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ဆိပ်ဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် တည်ဆောက်လျက်ရှိသည့် Oxygen Plant အတွက် စက်ပစ္စည်းများ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ရောက်ရှိသည်။

အဆိုပါ Oxygen Plant အတွက်စက်ပစ္စည်းများကို မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီက ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး  မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများနှင့် Oxygen လိုအပ်သောလူနာများ ကုသရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း ၊ Oxygen Plant အတွက် စက်ပစ္စည်းများကို မြို့နယ်  ကိုဗစ်-၁၉ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် Oxygen Plant တည်ဆောက်ရေးကော်မတီမှ တာဝန်ရှိသူများက စနစ်တကျ လက်ခံရယူခဲ့ပြီး Oxygen Plant စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ ဆက်လက် ဆောင် ရွက်လျက်ရှိ ကြောင်း ၊ Oxygen Plant စက်ရုံတည်ဆောက်ရေးလုပ်ငန်းများပြီးစီးသွားပါက တစ်နာရီကို ၄ဝလီတာအိုကြီး (၅)လုံး ထွက်ရှိမှာဖြစ်ပြီး    Oxygen လိုအပ်ချက်များဖြည့် ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေး ပေါ်တုံ့ပြန် ရေး ကော်မတီထံမှ သိရသည်။

ကိုဇွဲ   ( အညာမြေ)