ပန်းတနော်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆို ပြိုင်ပွဲ ကျင်းပ

ပန်းတနော် နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က  အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းပြောကြားပြီး ပန်းတနော်မြို့နယ် မဏိရတနာဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် အကြောင်းအရာများအား ကဗျာရွတ်ဆိုကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရ ကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဆုများအသီးသီးချီးမြှင့် ပေးအပ်သွားမည့် ဖြစ်ကြောင်း သိရသည်။