ကျိုက်လတ် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သော ကြက်ခြေနီစေတနာ လုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထပ်ဆင့်ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး၊ ကျိုက်လတ်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိန်ဝှီးက ဂုဏ်ပြုအမှာစကားနှင့် မြို့နယ်ကြက်ခြေနီအသင်း၏ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ဆောင်ရွက်ခဲ့ မှုများ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်၊ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးစိန်ဝှီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကြက်ခြေနီအသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်
ကျိုက်လတ်( ပြန်/ဆက်)