ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေမီးသတ်စခန်း(RC)နှစ်ထပ်အဆောက်အဦတည်ဆောက်မှုရာနှုန်းပြည့်ပြီးစီး

ပခုက္ကူ နိုဝင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေမီးသတ်စခန်း(RC)နှစ်ထပ်အဆောက်အဦတည်ဆောက်မှုလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၅ရက်နေ့မှစတင်ခဲ့ရာ ယခုအခါရာနှုန်းပြည့် တည်ဆောက်ပြီး စီးနေပြီဖြစ်ကြောင်းသိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏  ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်၊ အသုံးစရိတ်ခွင့်ပြုငွေကျပ်သန်း ၁၅၁သန်းဖြင့် အလျား ၄၅ပေ၊ အနံ၅၀ပေ၊အမြင့် ၂၆ပေရှိသည့် ပခုက္ကူမြို့နယ်၊ကမ္မနယ်မြေ မီးသတ်စခန်း (RC)နှစ်ထပ်အဆောက် အဦကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၅ရက်နေ့မှစတင်တည်ဆောက်ခဲ့ရာ အောက်တိုဘာလ၂၂ရက်နေ့တွင် ရာနှုန်းပြည့်တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း၊ မီးသတ်စခန်းမြေ အကျယ်အဝန်းမှာ အလျား၈၀ပေ၊အနံ၁၅၀ပေရှိပြီး ခြံစည်းရိုးနှင့်ရေလုံအိမ်သာများ အပါအဝင် ရေမီးအစုံအလင်တည်ဆောက်ပြီးစီးကြောင်း ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ထံက သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်၊ အသုံးစရိတ်ခွင့်ပြု ငွေကျပ်သန်း ၁၅၁ဒသမ၂သန်းကျော်ဖြင့် အလျား ၄၅ပေ၊ အနံ၅၀ပေ၊ အမြင့် ၂၆ပေရှိသည့် ကြက်ဆူကျင်းနယ်မြေမီးသတ် စခန်း(RC)နှစ်ထပ်အဆောက်အဦကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၃ရက်နေ့မှစတင်တည်ဆောက်ကြရာ အောက်တိုဘာလ ၂၇ရက်နေ့ တွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီး နေပြီဖြစ်ကြောင်း၊ အဆိုပါမီးသတ်စခန်းများ သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီစွာ တည်ဆောက်ပြီးစီးမှုရှိ/မရှိ အခြေအနေများကို ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်နှင့် သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးမှူးများက ကွင်းဆင်းစစ်ဆေး ကြကြောင်းသိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)