ကျုံပျော် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းကာ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ပင်လုံရပ်ကွက်၊ ရပ်ကွက်၊ မန်းကျောင်းလမ်းနှင့်မန်းကျောင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင် များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ လမ်းဘေးဝဲယာနှင့်ဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းရှိ မြက်ပင်များ၊ ချုံနွယ်များ၊ အမှိုက်များကို စုပေါင်းခုတ်ထွင်ရှင်းလင်းကြပြီး၊ ခြင် မပေါက်ဖွားနိုင်ရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များသိမ်းဆည်းခြင်းကို စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး