ဒေးဒရဲမြို့၌ စျေးကွက်အတွင်း ရောင်းချလျက်ရှိသောဆေးဝါးနှင့် စားသောက်ကုန်များအား ရှောင်တခင် စစ်ဆေး

ဒေးဒရဲ နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် တရားမဝင်ဆေးဝါးများနှင့် ကုန်စည်များ ရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့နေ့လယ်ပိုင်းက  စည်ပင်သာယာမြို့မစျေးနှင့် မြို့ပေါ် ရပ်ကွက် များရှိ ဆေးဝါးအရောင်းဆိုင်များ၊ စားသောက်ကုန်ဆိုင်များကို ပူးပေါင်းအဖွဲ့များနှင့် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါပြီး တရားမဝင် ဆေးဝါးနှင့်ကုန်စည်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အေဇာလင်း