ကန်ကြီးထောင့်မြို့တွင် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြော

ကန်ကြီးထောင့် နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊    ကန်ကြီးထောင့်မြို့နယ်၊  ကညင်ငူကျေးရွာ အခြေခံပညာ  အလယ်တန်း ကျောင်း ခွဲတွင် ၂၀၂၁ ခုနှစ်၊  နိုဝင်ဘာလ ၂၈  ရက်နေ့တွင် ရောက်ရှိမည့် ၁၀၁ နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲအား  ယနေ့နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲတွင် ကန်ကြီးထောင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာဦးကကျောင်းသား၊ ကျောင်းသူအနာဂတ်လူငယ်များအား အမျိုးသား စိတ်ဓာတ်နှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊  အမျိုးသားအောင်ပွဲနေ့ အဖြစ်သတ်မှတ်ခဲ့ပုံများ၊ ကျောင်းသား၊ကျောင်းသူ အနာဂတ် လူငယ်များအနေဖြင့်လည်း နိုင်ငံချစ်စိတ်၊ အမျိုးချစ်စိတ်၊ သူ့ကျွန်မခံစိတ်စသော အမျိုးသားရေးစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်ထက်မြက်အောင် လေ့ကျင့်ပျိုးထောင် ကြရန် လိုအပ်ကြောင်းတို့ကို အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်