လိပ်သို နိုဝင်ဘာ ၁၆
အမျိုးသားအောင်ပွဲနှင့် ပတ်သက်သည့် သမိုင်းအကြောင်းအရာများ၊ မှတ်တမ်းဓါတ်ပုံများ အား ပြည်သူများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီ အချိန်က (၁၀၁) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်အား ပြသဆောင်ရွက် ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ၊ အမျိုးသားအောင်ပွဲနေ့၏ နောက်ခံသမိုင်းကြောင်းများ၊ သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများ၊ ဆောင်းပါးများ၊ ဆောင်ပုဒ်များ၊ အမျိုးသား အောင်ပွဲနေ့ ဂုဏ်ပြုကဗျာများအား ထည့်သွင်းပြသထားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုတ ပိုမိုရရှိနိုင်စေရန်အတွက် မြေစိုက်နံရံကပ်ဘုတ်နှင့် နံရံကပ်စာစောင်များအား နေ့ထူးနေ့မြတ်များ၊ အချိန် ကာလနှင့် လျော်ညီသည့် အသိပညာပေး အကြောင်းအရာများကို လစဉ်လဲလှယ်ပြသပေးလျက် ရှိကြောင်း သိရသည်။
မြို့(ပြန်/ဆက်)