ပန်းတနော် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌဦးစစ်ယုန်နှင့် အတွင်းရေးမှူးဦးညွှန့်ရွှေတို့က မဏိရတနာဘုန်းတော်ကြီးသင် ပညာရေးမူလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ သမိုင်းဖြစ်ပေါ်လာပုံ၊ အမျိုးသား ညီညွှတ်ရေးဆိုသည်မှာ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအကြောင်း၊အမျိုးသားအောင်ပွဲနေ့ သန္နိဋ္ဌာန်၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်စသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။